အချက်အလက်များ

သင်ကြားနည်း

 Communicative method လို့ခေါ်တဲ့ ဘာသာ စကားသင်ကြားမှု မှာ အထိရောက် အဖြစ်ဆုံး

Method ကို အသုံးပြု သင်ကြားပါတယ်။ သင်လိုက်တဲ့ Grammar Point, ဝေါဟာရ အသစ်ကို လက်တွေ့ ချရေးနိုင်၊ ထည့်ပြောနိုင်အောင် တစ်ခါတည်း လေ့ကျင့်ပေးပါတယ်။

Student-centered teaching method ကို အသုံး ပြုပါတယ်။ ဆရာ၊ဆရာမ စကားပြောတာ၊ Lecture ပေးတာကို ပဲ ထိုင်နား ထောင်ရခြင်းမျိုး မဟုတ်ပါ။  ပါ၀င်ဆွေးနွေး ရခြင်း၊ အဖြေရှာပေးရခြင်း၊ အကြံ ဉာဏ်ပေးရခြင်း မေးခွန်း မေးစေ ခြင်း၊စတဲ့ ပုံစံ ဖြစ်သင်တန်းသူ/သားတို့ က သင်ယူမှု တွင် တက်ကြွ စွာ အမြဲ ပါ၀င်ရတယ်။

Cooperative Learning Method လို့ခေါ်တဲ့ ပူးပေါင်း သင်ယူရခြင်း နည်းကိုလည်း အသုံးပြုပါတယ်။ English ကို လက်တွေ့ အသုံး ပြု နိုင်ဖို့ မိမိကိုယ်ကို ယုံ ကြည်မှု မြင့်မားစေဖို့ classmates တွေနဲ့ ဝိုင်းဖွဲ့ဆွေးနွေးခြင်း၊ အကြံဉာဏ် ဖလှယ်ခြင်း၊ Research, Presentation ပြုလုပ် ခြင်းတို့ တွေ ပြုလုပ်ရပါတယ်။

Online နဲ့ သင်ယူရတဲ့ အခါ Zoom Application ကို အသုံးပြု ပြီး Live သင်ယူရပါတယ်။ အပေါ်ကဖော်ပြ ထားတဲ့ သင် ကြားမှု မျိုး ကို ဦးတည်တာဖြစ်လို့ Video ပိတ်ပြီး သင်လို့မရပါ။ 

မိမိ ရဲ့ English Skills တိုးတက်လာမှု ကို လည်း မိမိ ပါ၀င် လှုပ်ရှားမှု ကနေ တီချယ်တွေ က ကြည့်ကြပ်တာ ဖြစ်လို့ ကျောင်း အရမ်းပျက်ကွက်လို့ မရပါ။ Video Recording နဲ့ လည်းသင်ယူလို့မရပါ။

သင်တန်းကာလ ကတော့ course တစ်ခုစီ 2 ကြာမြင့်ပြီး တစ်ပတ်ကို 6နာရီ၊ course တစ်ခုလုံး Face to Face သင်ကြားချိန် 48 နာရီ သင်ပေးပါတယ်။ 

Weekend Course လုပ်ငန်းခွင် ၀င်နေသူ၊ အချိန်မရသူတွေ ကတော့  Course တစ်ခု ကို နာရီ 40ကြာမြင့်ပါတယ်။ ပုံမှန် ထက် အချိန် လျော့ပေမယ့် သင်ကြား မှု quality Course Outcome အတူတူ ပဲ ဖြစ်ပါတယ်။

 

သင်တန်းသားဦးရေ

အတန်းတစ်ခု မှာ 14-18ယောက် အများဆုံးသင်ကြားလို့ ဆရာ၊ဆရာ မက တစ်ယောက်ချင်းစီ ကို အာရုံစူးစိုက်မှုပေးပါတယ်။

အိမ်စာများ ကို Feedback ပေးပြီး၊သေချာစစ်ပေးပါတယ်။

Course ပြီးဆုံးပါက မိမိရဲ့ တိုးတက်မှု ကို Final exam တစ်ခုတည်းမဟုတ်ဘဲ Assignment, Performance, Participation တွေ နဲ့ တိုင်းတာပြီး Feedbackပေးပါတယ်။

နောက် Level တက်ရောက်နိုင်ပြီ ဆိုတဲ့ Recommendation တီချယ်တွေ က Course တစ်ခု ပြီးတိုင်း ထုတ်ပေးပါတယ်။

Level တစ်ခု ပြီးပါက Certificate ထုတ်ယူလိုပါက SLD ရဲ့ Admin ရုံးကို တောင်းနိုင်ပါတယ်။

Free ပါ။ ဘာကြေးမှ ပေးစရာမလိုပါ။

 

သင်ရိုးညွှန်းတန်း

Cambridge, ‌Oxford University နဲ့ National Geographic press တို့ မှ ထုတ်တဲ့ နောက်ဆုံး Update အဖြစ်ဆုံး Course Books တွေ ကို အသုံးပြုပြီး သင်ကြားပါတယ်။ 

Lesson တစ်ခုစီ ကို Online ကနေ သင်ယူတဲ့ အခါ လွယ်ကူ စနစ် တကျ ရှိစေရန် အသေ အချာ ပြင် ဆင်ပြီး ပို့ချပါတယ်။

စာအုပ် ကို ebook တွေ ပေးပါတယ်။ စာအုပ် ထပ်၀ယ်စရာမလို အပ်ပါ။

 

သင်ကြားမည့် ဆရာ၊ဆရာမများ

Tr.Francis Shing (Founder & Director)

BA Philo, Ateneo de Manila, Philippines

MA Education, Xavier University, Philippines

CELTA (Cambridge)

Cert. Social works Utah University, US

 

 Tr.Nway Nway Zaw Min (Founder & Principal)

MA Education, Xavier University, Philippines

CELTA (Cambridge)

TEYLT (LTTC)

Fulbright Teacher Exchange to US (2018) 

 

Tr Francis နဲ့ Tr Nway နှစ်ယောက်လုံး စာသင် သက် ၁၃နှစ်ကြော်ရှိပါပြီ။ သင်ရိုးညွှန်းတန်း၊ Lesson Plan များ ကို တီချယ်တို့ ကိုယ်တိုင် စနစ်တကျ ရေးဆွဲ ပြင်ဆင်ထားပါသည်။

SLD Teaching Team မှဆရာ၊ဆရာမ များအားလုံး သည်လည်း  TOEFL, IELTS အမှတ်ကောင်းများ ရရှိထားသော English Language Teaching Diploma နဲ့ Certificateကိုင်ဆောင်ထားကြပါတယ်။

Foreigners များ Native English Teachers များမရှိပါ။

SLD သင်တန်းကျောင်းအား စီးပွားရေးဦးတည်ချက်ဖြစ်ဖွင့်လှစ်ထားခြင်းမဟုတ်ဘဲ၊ ပါရမီ၊ ဝါသနာ၊စေတနာ အရင်းခံ ပြီးဖွင့်လှစ်ထားခြင်း ဖြစ်တာကြောင့် SLD မှ ဆရာ၊ ဆရာ မများ သည် English Languageကျွမ်းကျင်မှု၊ သင်ကြားနည်းနာ တက်ကျွမ်း မှု အပြင် ကျောင်းသူ၊သားများ အားစေတနာ အပြည့်အ၀ ဖြစ်သင်ကြား ပေးပါသည်။

 

Course Outcomes

Course တစ်ခု စီ ကို အချိန် 2လသင်ယူရပါတယ်။

Level တစ်ခုစီ ကို 2 မှ 4လထိ သင်ယူရပါတယ်။ 

အချိန်တို အတွင်းမှာ အချိန်ကုန် ငွေကုန် ကြေးကြ အနည်းဆုံးနဲ့ ထိရောက် ဆုံးဖြစ်အောင် Courseတွေ ကို ထိရောက်စွာပို့ ချပေးပါတယ်။

Beginner ကနေ Pre Intermediate ထိပြီးပါက အခြေခံ ကောင်းမွန်စွာ ပိုင်နိုင်ပြီး ပြောနိုင်ဆို နိူင်တော် တော်ရှိပါပြီ။ Duolingo test‌, TOEIC Test များ ဖြေဆို လိုပါ က အခြေခံရှိပြီး ဖြစ်ပါသည်။

Upper intermediate ထိရောက်ရှိပါက ခေတ်နဲ့ အညီ Topic များကို ဆွေးနွေးတင်ပြနိုင်မည်။ Original English Bookများ Website Article များကိုဖတ်နိုင် ဝေဖန်သုံးသပ်နိုင်ပါတယ်။

IELTS , TOEFL Preparation တက်ရောက်ပြီး ဖြေဆို ပါ က အမှတ်ကောင်း ရရှိနိုင်ပါတယ်။

English Skills ကို ယုံကြည်စွာ လက်တွေ့ အသုံးပြု နိုင်တဲ့ အပြင် SLD မှ သင်တန်းသူသား များသည် 

ICT Skills နည်းပညာဆိုင်ရာ အသုံးပြုနိုင်မှု

Critical thinkinking and analytical thinking skills ကြိုးကြောင်းစဉ်ချင် တွေးခေါ်နိုင်မှု၊ 

Creativity တီထွင်ကြံ ဆနိုင်မှု

Problem solving skills ပြသနာဖြေရှင်းနိုင်မှု

Leadership & Teamwork ခေါင်းဆောင်နိုင်မှု၊ အများနဲ့ အတူ ပူပေါင်းဆောင်ရွက်နိုင်မှုတွေ ပါ သိသိသာသာ တိုးတက်စေပါတယ်။