Task 2 writing ကို discursive essay လို့ကြည့်သင့်ပါတယ်။ Discursive thinking/writing ဆိုတာက ကိုယ့်ရဲ့ ideasတွေနှင့် ကိုယ့်ရဲ့ ရပ်တည်မှုတွေကို ရှင်းရှင်းလင်းလင်း၊ အချက်ကျကျရေးပြီး တင်ပြတတ်ရပါမယ်။ ရှင်းရှင်းပြောရရင် အရှိကိုရှိအတိုင်းရေးရမည့်အချက်တွေ နှင့် ကိုယ့်ရဲ့ ထင်မြင်ယူဆချက်တွေကို ရောပြီး (a careful blend of both objective discussion and opinion ) ထိထိရောက်ရောက်၊ ရှင်းရှင်းလင်းလင်း ရေးရတာပါ။
Opinion vs. discussion ဆိုပြီးတချို့လူတွေသင်ပေးတဲ့ပုံစံလေးတွေကို ကြည့်ကြည့်ရအောင်။ Opinion essay ဆိုရင် တစ်ဖက်ထဲကို ဦးစာပေးငြင်းရေးရမယ်တို့ဘာတို့ပြောကြပါတယ်။ ဒါကမမှန်ပါဘူး။ To what extend do you agree or disagree ဆိုတဲ့ မေးခွန်းမျိုးမှာ ဘာဖြေခိုင်းတာလဲဆိုရင် ပေးထားတဲ့ issueကို logical way (ရုပ်တိရှိရှိ)နဲ ကိုယ့်ရဲ့ ရပ်တည်ချက်ကို ဘယ်လောက်အတိုင်းအတာရှိတယ် (the extent of your postion)ကို ရေးခိုင်းတာပါ။ ရိုးရိုးပြောရရင် သင့်ရပ်တည်ချက် (your position) က strong agreement လား၊ strong disagreement လား၊ ကြားထဲမှာ (something in between) လားရေးရပါမယ်။ သုံးမျိုးလုံးရပါတယ်။
ကျောင်းသားတိုင်းလေ့ကျင့်သင်တာကတော့ variety of language, topics and questions ပါ။ ဒါမှ ကိုယ်ရဲ့ language range က ကျယ်ပြန့်လာမယ်။ ကျင့်တဲ့ အချိန်မှာပါသင့်တဲ့ တာဝန်တွေကတော့
discuss the problems associated with an issue and suggest possible solutions
discuss and evaluate the advantages and disadvantages of something
discuss one or two opinions (of others) on a topic and give your own opinion
discuss the possible causes of a problem and the effect it has
ဆိုပြီး ပုံစံ အမျိုးမျိုးနဲ့ ကျင့်ပေးပါ။ ပုံစံတစ်မျိုးထဲ formula တစ်မျိုထဲနဲ့ မကျင့်ပါနဲ့။
controlling idea ဆိုတဲ့ ဉပမာ ကြည့်ရအောင်။ I am going to discuss about “Education”လို့ပြောရင် အရမ်းကို ကျယ်ပြန့်လွန်းပါတယ်။ စာအုပ်ပေါင်းမြောက်များစွာရေးလို့ရပါတယ်။ High School Education လို့ပြောရင်လည်း နည်းနည်းတော့ ပိုကျဉ်းလာပေမယ့် စာအုပ်မြောက်များစွာထပ်ရေးရပါလိမ့်မယ်။ “The effectiveness of No (2) Basic high school education in Mindat, Chin Sate”ဆိုရင်တော့ တစ်နှစ်လောက်နဲ့ research ရေးလို့အဆင်ပြေပါတယ်။ ဒီအပိုင်းလေးတွေကို ပိုကျွမ်းကျင်ချင်တယ်ဆိုရင်တော့ စနစ်တကျသင်ပေးနိုင်တဲ့ ဆရာ/မများနဲ့ ထပ်လေ့လာပါ။
IELTS သင်ပေးတဲ့ ဆရာ/မတွေက သင်ပေးတဲ့ စတိုင်တွေ ကွဲရင်လည်းကွဲကြမှာပေါ့။ တစ်ချို့က thesis ကို intro မှာရေးပါ။ တချို့က conclusion မှာရေးပါ စသည်ဖြင့် ပြောကြလိမ့်မယ်။ ပြဿနာတော့မရှိပါဘူး။ အရေးအကြီးဆုံးက ကိုယ်ငြင်းရမည့်အချက်တွေကို ကောင်းကောင်းရေးပါ (you develop an argument), နိဂုံးကို ရှင်းရှင်းလေးနဲ့ အဆုံးသတ်ပါ (reach a clear conclusion), Body paragraph တွေရေးတဲ့နေရာမှာလည်း ကိုယ့်ရပ်တည်ချက်/ ကိုယ့်အထင်အမြင်ကို ရှင်းရှင်းလေး ရေးသွားပါ (make your position clear throughout your essay). ဒါတွေအားလုံးကို Thesis statement တစ်ခုထဲမှာ အကုန်ရေးလို့ လုံးဝမရနိုင်ဘူးလေ။
ဘယ်လောက်ထိရေးသင့်လဲ?
English သုံးတဲ့နိုင်ငံတွေမှာရှိတဲ့ ကျောင်းတွေမှာရေးနေကြ ပုံစံကတော့
၁. နိဒါန်း – ကိုယ်ရေးမည့် ခေါင်းစဉ်ပါတဲ စာပုဒ်နဲ့စပါ ( begin with an introduction that briefly introduces the topic )
၂. စာကိုယ်(Body paragraph)ကို ၂ပိုဒ်မှ ၃ပိုဒ်အထိရေးပြီး ကိုယ့်ရဲ့ main points တွေကို တင်ပြရေးရမည် ( write 2 or 3 body paragraphs that present, and explain your main points)
၃. နိဂုံး -ကိုယ့်ရဲ့ပြောပြီးသား အချက်တွေကို paraphrase လုပ်ပြီး၊ ကိုယ်ရပ်တည်တဲ့ အပိုင်းကို ရှင်းရှင်းလင်းလင်း ပြန်ပြောပေးတဲ့ အပိုင်း (finish with a conclusion that summarises your main points, and makes your position clear) ဆိုရင် ရပါပြီ။