Courses and Outcomes

Course duration (သင်တန်းတစ်ခုကြာချိန်)

  • အတန်းတစ်ခုသည် အချိန် 2လသင်ယူရပါသည်။ Levelတစ်ခုဆီ ကြေညက်ပြီး ပိုင်ပိုင်နိုင်နိုင်ရှိဖို့အတွက် ကျောင်းသားတစ်ဦး၏ အားသွင်ခွန်စိုက်သင်နိုင်စွမ်းပေါ်မူတည်ပြီး 2 မှ 4လထိ သင်ယူရပါသည်။
  • သင်တန်းချိန်မှာ တစ်ပတ်ကို 6နာရီ၊ course တစ်ခုလုံး Face to Face သင်ကြားချိန် 48 နာရီ သင်ပေးပါသည်။

Level တစ်ခုဆီပြီးတိုင်း ဘာတွေထူးခြားလာမလဲ

  • Beginner နှင့် Elementary ပြီးသွားတာနဲ့  နေ့စဉ်သုံးစကားများ နားလည်းပြီး မေးနိုင် ပြောနိုင်ပါသည်။
  • Pre Intermediate ထိပြီးပါက အခြေခံ ကောင်းမွန်စွာ ပိုင်နိုင်ပြီး ပြောနိုင်ဆိုနိုင် တော်တော်ရှိပါမည်။ Pre-Intermediate Level ပြီးသည်နဲ့ Duolingo test‌, TOEIC Test ကျင့်ပြီးဖြေချင်ပါက အဆင်ပြေပါမည်။ ကျောင်းသူ/သားများအတွက် Bachelor အတန်းဝင်အမှတ်ရနိုင်ပြီး၊ company ဝင်ထမ်းများအတွက် ရာထူးတိုး စာမေးပွဲများ အောင်နိုင်သည်။
  • Upper intermediate ထိရောက်ရှိပါက ခေတ်နဲ့ အညီ Topic များကို ဆွေးနွေးတင်ပြနိုင်မည်။ Original English Bookများ၊ Website Articleများကို ဖတ်နိုင် ဝေဖန်သုံးသပ်နိုင်ပါသည်။ ဒီ Level ပြီးလို့ IELTS , TOEFL Preparation တက်ရောက်ပြီး ဖြေဆို ပါ က အမှတ်ကောင်း (အနည်းဆုံး IELTS Overall Band Score 6.5/ TOEFL iBT Score 79-93) ရရှိနိုင်ပါသည်။

တခြားဘာ Skillsတွေ ရပါသလဲ

English Skills ကို ယုံကြည်စွာ လက်တွေ့ အသုံးပြု နိုင်တဲ့ အပြင် SLD မှ သင်တန်းသူသား များသည်

  • ICT Skills နည်းပညာဆိုင်ရာ အသုံးပြုနိုင်မှု
  • Critical thinking and analytical thinking skills ကြိုးကြောင်းစဉ်ချင် တွေးခေါ်နိုင်မှု၊
  • Creativity တီထွင်ကြံ ဆနိုင်မှု
  • Problem-solving skills ပြသနာဖြေရှင်းနိုင်မှု
  • Leadership & Teamwork ခေါင်းဆောင်နိုင်မှု၊ အများနဲ့ အတူ ပူပေါင်းဆောင်ရွက်နိုင်မှု
  • Critical Reading (နက်နက်နည်းနည်း ဝေဖန်စာဖတ်တတ်ခြင်း)
  • Effective Speaking and Writing (ထိထိရောက်ရောက် လှလှပပ ပြောဆို ရေးသားတတ်ခြင်း)
  • Wide range of rich vocabularies (Lexical Resources) and Sentence varieties (Syntactic variations) ဝေါဟာရကြွယ်ခြင်း၊ သဒ္ဒါကျကျ စာကြောင်းလှများရေးတတ်ခြင်း
  • Pronunciation အသံထွက်အပြင်၊ အင်္ဂလိပ်စကား၏အခြေခံအသံထွက်များနာလည်ခြင်း

တွေ ပါ သိသိသာသာ တိုးတက်စေပါတယ်။

လူကြီးတန်း နဲ့ Teen Coursesတွေ ဘာကွာသလဲ?

Level ခွဲပုံ Courseတည်ဆောက်ပုံ အခြေခံ အားဖြစ် တူညီသော်လည်း ဆယ်ကျော်သက်များ လေ့ကျင့် သင်ယူရမယ့် skills တွေ နဲ့ လိုအပ်တဲ့ Contentတွေ ကွာပါတယ်။ လူကြီးများ နဲ့ သင်ယူမှု ပုံစံ လည်းကွာတာကြောင့် သင်ကြားရတဲ့ approach တွေက လည်းကွာပါတယ်။

ဒါ့ကြောင့် English Courses for Teensမှာ ဆယ်ကျော်သက်လေးများ အနာဂါတ် အတွက် အထူးလို အပ်တဲ့ Skills တွေ ဖြစ်တဲ့

  • Researching စူးစမ်းရှာဖွေရခြင်း
  • Note taking မှတ်စု ရေးသားခြင်း
  • Reading Techniques စာဖတ်နည်းများ
  • Presentation & Discussion တင်ပြဆွေးနွေး ခြင်း
  • Questioning မေးခွန်းမေးခြင်း
  • General Knowledge အထွေထွေ ဗဟုသုတ
  • Using Technology and digital skills နည်းပညာအသုံး ပြုတက်မှု

တို့ကို ပါတိုးတက်စေရန် မွမ်းမံ သင်ကြားပေးပါတယ်။

Extra-Curricular Activities (အတန်းစာအပြင် Teensများလိုအပ်မည့် activityများ ပံ့ပိုးလုပ်ဆောင်ပေးခြင်း)

  • မိမိကိုယ်ကိုယ် ယုံကြည်မှု တိုးတက်စေရန် Workshops နဲ့ Activitiesများတို့ အပြင် emotional, mental well-being တို့ ကို ပါ အမြဲ ဂရုတစိုက် ပံ့ ပိုး မှု တွေ အမြဲ ပြုလုပ်ပေးပါတယ်။
  • သင်ရိုးညွှန်းတန်း Oxford University Press, Cambridge University Press, နှင့် National Geographic တို့ မှ ထုတ်တဲ့ နောက်ဆုံး Update အဖြစ်ဆုံး Course Books တွေ ကို အသုံးပြုပြီး သင်ကြားပါတယ်။

စာသင်အထောက်အကူပြုများ

  • Lesson တစ်ခုစီ ကို Online ကနေ သင်ယူတဲ့ အခါ လွယ်ကူ စနစ် တကျ ရှိစေရန် အသေ အချာ ပြင် ဆင်ပြီး ပို့ချပါတယ်။ စာအုပ် ကို ebook တွေ ပေးပါတယ်။ စာအုပ် ထပ်၀ယ်စရာမလို အပ်ပါ။