သင်ကြားနည်း

 Communicative method လို့ခေါ်တဲ့ ဘာသာ စကားသင်ကြားမှု မှာ အထိရောက် အဖြစ်ဆုံး

Method ကို အသုံးပြု သင်ကြားပါတယ်။ သင်လိုက်တဲ့ Grammar Point, ဝေါဟာရ အသစ်ကို လက်တွေ့ ချရေးနိုင်၊ ထည့်ပြောနိုင်အောင် တစ်ခါတည်း လေ့ကျင့်ပေးပါတယ်။

Student-centered teaching method ကို အသုံး ပြုပါတယ်။ ဆရာ၊ဆရာမ စကားပြောတာ၊ Lecture ပေးတာကို ပဲ ထိုင်နား ထောင်ရခြင်းမျိုး မဟုတ်ပါ။  ပါ၀င်ဆွေးနွေး ရခြင်း၊ အဖြေရှာပေးရခြင်း၊ အကြံ ဉာဏ်ပေးရခြင်း မေးခွန်း မေးစေ ခြင်း၊စတဲ့ ပုံစံ ဖြစ်သင်တန်းသူ/သားတို့ က သင်ယူမှု တွင် တက်ကြွ စွာ အမြဲ ပါ၀င်ရတယ်။

Cooperative Learning Method လို့ခေါ်တဲ့ ပူးပေါင်း သင်ယူရခြင်း နည်းကိုလည်း အသုံးပြုပါတယ်။ English ကို လက်တွေ့ အသုံး ပြု နိုင်ဖို့ မိမိကိုယ်ကို ယုံ ကြည်မှု မြင့်မားစေဖို့ classmates တွေနဲ့ ဝိုင်းဖွဲ့ဆွေးနွေးခြင်း၊ အကြံဉာဏ် ဖလှယ်ခြင်း၊ Research, Presentation ပြုလုပ် ခြင်းတို့ တွေ ပြုလုပ်ရပါတယ်။

Online နဲ့ သင်ယူရတဲ့ အခါ Zoom Application ကို အသုံးပြု ပြီး Live သင်ယူရပါတယ်။ အပေါ်ကဖော်ပြ ထားတဲ့ သင် ကြားမှု မျိုး ကို ဦးတည်တာဖြစ်လို့ Video ပိတ်ပြီး သင်လို့မရပါ။ 

မိမိ ရဲ့ English Skills တိုးတက်လာမှု ကို လည်း မိမိ ပါ၀င် လှုပ်ရှားမှု ကနေ တီချယ်တွေ က ကြည့်ကြပ်တာ ဖြစ်လို့ ကျောင်း အရမ်းပျက်ကွက်လို့ မရပါ။ Video Recording နဲ့ လည်းသင်ယူလို့မရပါ။

သင်တန်းကာလ ကတော့ course တစ်ခုစီ 2 ကြာမြင့်ပြီး တစ်ပတ်ကို 6နာရီ၊ course တစ်ခုလုံး Face to Face သင်ကြားချိန် 48 နာရီ သင်ပေးပါတယ်။ 

Weekend Course လုပ်ငန်းခွင် ၀င်နေသူ၊ အချိန်မရသူတွေ ကတော့  Course တစ်ခု ကို နာရီ 40ကြာမြင့်ပါတယ်။ ပုံမှန် ထက် အချိန် လျော့ပေမယ့် သင်ကြား မှု quality Course Outcome အတူတူ ပဲ ဖြစ်ပါတယ်။