နိုင်ငံခြားမှာ College, University တက်ဖို့ ဘယ်အထက်တန်း စာမေးပွဲကို ဖြေသင့်လဲ။

နိုင်ငံခြားမှာ College, University တက်ဖို့ ဘယ်အထက်တန်း စာမေးပွဲကို ဖြေသင့်လဲ။

Written by Tr. Soe Ted, SLD

Hello Learners တို့ ရေဒီတစ်ပါတ်တော့ နိုင်ငံတကာ အဆင့်မှီ တက္ကသိုလ်၀င်ခွင့်စာမေးပွဲတွေ ဖြစ်တဲ့ SAT, ACT, GED နဲ့ IGCSE စာမေးပွဲတွေအကြောင်းဆွေးနွေးပေးထားပါတယ်ရှင်။
SAT က အထူးသဖြင့် US colleges တွေကိုလျှောက်တဲ့ အခါမှာလိုအပ်တဲ့ exam တစ်ခုပါဘဲ။
High school ပြီး undergraduate ကျောင်းသားတွေလျှောက်ရန်သင့်တော်ပါတယ်။
SAT မှာ English နဲ့ Math ဆိုပြီး အဓိက နှစ်ပိုင်းရှိပါတယ် English ကိုမှ Evidence- based reading နဲ့ writing ဆိုပြီး နှစ်ပိုင်းထပ်ခွဲထားပါတယ် EBRW လို့လည်းအတိုကောက်ခေါ်ကြပါတယ်။ Math ကိုလည်း with calculator နဲ့ without calculator ဆိုပြီး နှစ်ပိုင်းထပ်ခွဲထားပါတယ်။ စားမေးပွဲ ကြာချိန်ကတော့ 3 နာရီနဲ့ မိနစ် 50 ဖြေရပါတယ်။
Exam fees ကတော့ US မှာဖြေရင် $60 ဘဲ ဖြစ်ပါတယ်။ ဒါပေမယ့် International ကျောင်းသားတွေအတွက်တော့ $60အပြင် additional fees ပေးရပြီး နိုင်ငံအလိုက် တန်ဖိုးကွာလေ့ရှိပါတယ်။ မြန်မာနိုင်ငံပါဝင်တဲ့ East Asia/Pacific region ကဖြေရင်တော့ $53 ပိုပေးရပါတယ်။
SATကို USရှိ ထိပ်တန်း universities တွေအပါအဝင် 4 နှစ် တက်ရောက်ရမယ့် college မှန်သမျှ ကလက်ခံပါတယ်။ US အပြင် Canada,UK,Germany,Australia,India အပါအဝင် Japan နိုင်ငံ The University of Tokyo ကလည်း လက်ခံပါတယ်။
———————————————————————————
General Educational Development (GED) ဟာ အမေရိကန် နဲ့ ကနေဒါ အထက်တန်းအဆင့်နဲ့ ညီမျှတဲ့ diploma လက်မှတ်တစ်ခုဖြစ်ပါတယ်။
အသက်၁၆နှစ်နဲ့အထက် ကျောင်းသူကျောင်းသားမည်သူမဆို ဖြေဆိုလို့ရပါတယ်။ Undergraduate ကျောင်းသားတွေ အတွက် အထူးသဖြင့် သင့်တော်ပါတယ်။
GED မှာ Maths, Science , Social Studies, Reasoning through Language Artsဆိုပြီး စုစုပေါင်း လေးဘာသာ ပါဝင်ပါတယ်။ ဘာသာရပ်တွေကို တစ်ခါထဲ ဖြေဆိုလို့ရသလို တစ်ဘာသာချင်းစီ အချိန်ယူဖြေဆိုလို့လဲရပါတယ်။
စာမေးပွဲကြေးကတော့ နိုင်ငံ၊မြို့တွေပေါ်မူတည်ပြီး အနည်းငယ်ကွာခြားပါတယ်။ ယေဘုယျအားဖြင့်တော့ US $120 ၊ တစ်ဘာသာကို $30 ပေးသွင်းရပါတယ်။ online ကဖြေဆိုမယ်ဆိုရင်တော့ $6 ထပ်မံပေးသွင်းရပါတယ်။
GED စာမေးပွဲတွေကို နှစ်စဉ်နှစ်တိုင်း ၊ လတိုင်း ၊ အပတ်တိုင်းမှာ ကျင်းပလျှလျှက်ရှိပါတယ်။ GEDရဲ့ websiteကို သွားပြီး ကိုယ်ဖြေဆိုချင်တဲ့ရက်ကို ရွေးချယ်ရုံပါဘဲ။ GED ကို ကမ္ဘာတစ်ဝှမ်းက တက္ကသိုလ်၊ကောလိပ် 97ရာခိုင်နှုန်းက လက်ခံပါတယ်။ GEDရဲ့ websiteမှာလည်း ကိုယ်တက်ရောက်ချင်တဲ့ ကျောင်းက လက်ခံ၊ လက်မခံကို စစ်ဆေးကြည့်လို့ရပါတယ်။
———————————————————————————
American College Testing ( ACT) က အထူးသဖြင့် US မှ ကောလိပ်၊တက္ကသိုလ်တွေ တက်ရောက်ဖို့အတွက် ဖြေဆိုရတဲ့ အရည်အချင်းစစ် စာမေးပွဲတစ်မျိုးဖြစ်ပါတယ်။
SAT ရဲ့ အစားဖြေလို့ရပါတယ် ACTမှာ English, Math, Reading, Science, Writingဆိုတဲ့ ဘာသာရပ်တွေကိုဖြေဆိုရပါတယ်။ Writing ကတော့ optionalဖြစ်ပြီး ဖြေရ မဖြေရကတော့ ကိုယ်တက်ရောက်ချင်တဲ့ ကျောင်းပေါ်မူတည်ပါတယ်။
SAT နဲ့ ဖြေရတဲ့ subject တွေ ကွာတာ မလို့ Question format ကိုလေ့လာပြီး ကိုယ်ပိုကြိုက်နှစ်သက်တဲ့ exam ကိုရွေးဖြေလို့ရပါတယ် 2010 နောက်ပိုင်းကစပြီး ကျောင်းသားအများစုက test နှစ်ခုစလုံး ဖြေလာကြပါတယ်။ဒါကြောင့်နှစ်ခုစလုံးကို ဖြေရင်လည်းရပါတယ်။
Exam feesကတော့ US မှာဖြေမယ်ဆိုရင် Writing ပါဖြေမှာဆိုရင် $88 ဖြစ်ပြီး Writing မပါရင်တော့ $63ဖြစ်ပါတယ်။ International ကျောင်းသားတွေအတွက်တော့ Writing မပါရင် $188.5 ဖြစ်ပြီး မပါရင်တော့ $168.5 ဖြစ်ပါတယ် ။
ACT စာမေးပွဲကို US နဲ့ သူ့ရဲ့အိမ်နီးချင်းဖြစ်တဲ့ Canada,Puerto Rico တို့မှာ နှစ်စဥ် Sept,Oct,Dec,Feb,April,Juneနဲ့ July လတွေမှာ ကျင်းပပါတယ် International ကျောင်းသားတွေအတွက်ကတော့ Sept,Oct,Dec,April,June မှာ ကျင်းပပါတယ်။
SAT ကို accept လုပ်တဲ့ ကျောင်းတိုင်းလိုလိုဟာ ACT ကို accept လုပ်ပါတယ်။SAT ကို Accept မလုပ်တဲ့ ကျောင်းတိုင်းကလည်း ACT ကို Accept မလုပ်ပါဘူး။ အမှတ်ကောင်းရင် ကောင်းသလို ထိပ်တန်းတက္ကသိုလ်တွေအထိပါ တက်ရောက်နိုင်ပါတယ်။ SAT နဲ့ ACT ကို ဘယ် school တွေက လက်ခံလည်းဆိုတာ သူတို့ရဲ့ website တွေမှာရှာကြည့်လို့ရပါတယ်။
———————————————————————————
International general certificate of Secondary Education(IGCSE) ဟာ UK ရဲ့ အလယ်တန်း အောင်လက်မှတ်ဖြစ်ပြီး တခြားနိုင်ငံရဲ့ အထက်တန်းအောင်လက်မှတ် နဲ့ ညီမျှပါတယ်။
UK ရဲ့ education က Primary,Secondary,Higher education,Further education ဆိုပြီးရှိပါတယ်။ မူလတန်း အလယ်တန်းအောင်ပြီးရင် Higher education အထက်တန်းပညာ ဆိုတာက college, university တွေမှာသင်ရတဲ့ ဘွဲ့ကြို ပညာရပ်တွေကို ရည်ညွှန်းပါတယ်။ မြန်မာနိုင်ငံမှာတော့ မူလတန်း၊အလယ်တန်း၊အထက်တန်း ဆိုပြီး ဆယ်နှစ်သင်ပြီး ဘွဲ့​ကြုပညာရပ်တွေကို ဆက်သင်ကြားရပါတယ်။ UK မှာကတော့ မူလတန်းကနေ အလယ်တန်းကို ဆယ်နှစ်လောက်တက်ရပါတယ်။ အဲ့တာပြီးရင် Higher education ဘွဲ့ကြိုပညာရပ်တွေကို တက္ကသိုလ်၊ကောလိပ်တွေမှာဆက်သင်ရပါတယ်။
IGCSE ကတော့ တက္ကသိုလ်၊ကောလိပ် တက်ရောက်မယ့် ကျောင်းသားတွေအတွက် ဝင်ခွင့်စာမေးပွဲပါ။
Undergraduate ကျောင်းသားတွေ ဖြေဆိုရန် သင့်တော်ပါတယ် အသက် 14 နှစ် နှင့် အထက် ဆိုဖြေလို့ရပါတယ်။
IGCSE မှာ
  1. Languages,
  2. Humanities and Social Sciences,
  3. Sciences,
  4. Mathematics,
  5. Creative, Technical & Vocational ဆိုပြီး ဘာသာရပ် အုပ်စုကြီး 5 ခုရှိပြီး အဲ့ ငါးခုထဲမှာ မှ ဘာသာရပ် တစ်ခုချင်းစီ အလိုက် 70 ရှိပါတယ်။
IGCSE ကို ဖြေဆိုချင်တဲ့ ကျောင်းသားတွေကတော့ အနည်းဆုံး 5 ဘာသာသင်ယူ ဖြေဆိုပေးရပါတယ်။အများဆုံး 14 ဘာသာထိသင်ယူ ဖြေဆိုနိုင်ပါတယ်။
IGCSE ​ကို စစ်ပေးတဲ့ အဖွဲ့အစည်းနှစ်ခု ရှိပါတယ်။
Cambridge International Examinations(CIE) နဲ့ Pearson Edexcel တို့ပါ။
CIE က May or June တစ်ကြိမ် Oct or Nov တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်၊
Pearson Edexcel က May or June တစ်ကြိမ်၊Oct or Nov တစ်​ကြိမ် နဲ့ January တစ်​ကြိမ် စုစုပေါင်း သုံးကြိမ်စစ်​ပေးပါတယ်။
Exam feesက တော့ စစ်ပေးတဲ့အဖွဲ့အစည်းရယ် စစ်ပေးရတဲ့ ဘာသာအရေအတွက်ကို မူတည်ပြီး အနည်းနဲ့အများ​ ပေးရပါတယ် ။
IGCSE ကို​တော့ ထိပ်တန်း University ဖြစ်တဲ့ Harvard university အပါအဝင် ကမ္ဘာအနှံ့ကလက်ခံပါတယ်။
ဘယ် Test ပဲ ဖြေဖြေ English အခြေခံကောင်းဖို့လိုပါတယ်။ နောက်အရေးကြီးတဲ့အချက်က ဒီ Test တွေဟာ အလွတ်ကျက်ဖြေလို့မရလို Critical Thinking ပိုင်းပါလေ့ကျင့်ထားဖို့လိုပါတယ်။
SLD ရဲ့ English Courses for Teens ဟာဆိုဒီလိုအပ်ချက်တွေကို အားဖြည့်သင်ပေးတာမလို့ SLD ရဲ့ကျောင်းသူ၊သားလေးတွေက ဒီ Test တွေဖြေတဲ့ အခါ အခက်အခဲမရှိကြပါ။
SLD ရဲ့ English Courses for Teens အကြောင်းတွေ သိချင်တယ်ဆို အခုပဲ messenger ကနေဆက်သွယ်နိုင်ပါတယ်ရှင်။

Leave a Reply

Your email address will not be published.